ဒေသစံတော်ချိန် ဩဂုတ်လ ၅ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူရုံးက ကုလသမဂ္ဂ အရှေ့အနီးပိုင်းရှိ ပါလက်စတိုင်း ဒုက္ခသည် ကယ်ဆယ်ရေးနှင့် လုပ်ငန်းအစီအစဉ် အေဂျင်စီ(United Nations Relief and Works Agency for Palestine Refugees in the Near East) (UNRWA)မှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ် အောက်တိုဘာလ ၇ရက်နေ့ ဟားမတ်စ်အဖွဲ့မှ အစ္စရေးအား တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ခြင်း နှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းကြီးကြပ်စစ်ဆေးရေးရုံး၏ နောက်ဆုံး စုံစမ်းစစ်ဆေးမှု ရလဒ် ကို ထုတ်ပြန်ခဲ့ပါသည်။
ကုလသမဂ္ဂမှ ထုတ်ပြန်သော စုံစမ်းစစ်ဆေးမှု ရလဒ်အရ အတွင်းကြီးကြပ် စစ်ဆေးရေးရုံးသည် အဆိုပါမှုခင်းနှင့်သက်ဆိုင်သူ ၁၉ဦးကို စုံစမ်းစစ်ဆေးပြီဖြစ်ကြောင်း၊ ယင်းစုံစမ်းစစ်ဆေးမှုသည် ကုလသမဂ္ဂအတွင်းပိုင်းစုံစမ်းစစ်ဆေးမှုဖြစ်ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ထုတ်ပြန်မည်မဟုတ်ကြောင်း သိရှိရပါသည်။