အစ္စရေး၏ လုပ်ကြံသတ်ဖြတ်မှုသည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး မိမိတို့ လက်စားချေ ဆောင်ရွက်သွားမည်ဟု အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-08-06 13:59:18  

    အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကာနာနီမှ အစ္စရေးက ဟားမတ်စ် ခေါင်းဆောင် ဟာနီယေးအား လုပ်ကြံသတ်ဖြတ်သည့် လုပ်ရပ်ကို အီရန် အစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ ယင်းလုပ်ရပ်သည် နိုင်ငံတကာ ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ပြီး နိုင်ငံတကာသည်လည်း ယင်းပြစ်မှုကျူးလွန်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချရမည် ဖြစ်ကြောင်း၊ အီရန်နိုင်ငံသည် နိုင်ငံတော်လုံခြုံမှု၊ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ကာကွယ်ခွင့် ရှိပြီး မည်သူ မဆို ကျူးကျော်သူများအား ပြစ်ဒဏ်ပေး အရေးယူရန် အီရန်၏ တရားဝင် အခွင့်အရေး အပေါ် မယုံသင်္ကာမှု ပြုခွင့် မရှိကြောင်း၊ အီရန်သည် ကျူးကျော်သူများအား ပြတ်သားသော ဆောင်ရွက်မှုဖြင့် အရေးယူ ပြစ်ဒဏ်ပေးမည် ဖြစ်ပြီး ဤသို့ဖြင့် အီရန်၏ နိုင်ငံတော် လုံခြုံရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်မည် ဖြစ်ကြောင်း သြဂုတ်လ ၅ ရက်နေ့က ပြောကြားခဲ့သည်ဟု အီရန် IRNA  သတင်းဌာနမှ သတင်းအရသိရပါသည်။