ရှီကျင့်ဖိန်သည် ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ် ထိန်းသိမ်းကာကွယ်မှု အားဖြည့် ဆောင်ရွက်ရေး၊ ဆက်ခံရေး၊ အသုံးပြုရေးတို့နှင့် ပတ်သက်၍ အရေးကြီး ညွှန်ကြား

(GMT+08:00)2024-08-06 16:22:29  

  မကြာခင်က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်မှ ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ် ထိန်းသိမ်းကာကွယ်မှု အားဖြည့် ဆောင်ရွက်ရေး၊ ဆက်ခံရေး၊အသုံးပြုရေးတို့နှင့် ပတ်သက်၍ အရေးကြီး ညွှန်ကြားခဲ့ရာ Beijing Central Axis: A Building Ensemble Exhibiting the Ideal Order of the Chinese Capital၊ Badain Jaran Desert—Towers of Sand and Lakesနှင့် Migratory Bird Sanctuaries along the Coast of Yellow Sea-Bohai Gulf of China (Phase II) တို့သည် “ကမ္ဘာ့ အမွေအနှစ် အမည်စာရင်း”တွင် အောင်မြင်စွာ ထည့်သွင်းခြင်းခံရကြောင်း၊ ယင်းသည် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ညီညွတ်စွာ တည်ဆောက်ရေးနှင့် လူသားနှင့် သဘာဝအကြား သဟဇာတရှိရှိ ယှဉ်တွဲနေထိုင်သည့် တရုတ်ပုံစံ ခေတ်မီမှု တည်ဆောက်ရေး အတွက် အပြုသဘောဆောင်သော အနက်အဓိပ္ပါယ် ရှိကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့အပြင် ရှီကျင့်ဖိန်က ယခုအကြိမ် ကမ္ဘာ့ အမွေအနှစ် အမည်စာရင်းတွင် ထည့်သွင်းခံရခြင်းကို အခွင့်ကောင်း အဖြစ် မှတ်ယူပြီး ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်များအား အလုံးစုံ စနစ်တကျ ထိန်းသိမ်းကာကွယ်မှုကို တစ်ဆင့်တိုး အားဖြည့် ဆောင်ရွက်ကာ အမွေအနှစ် ထိန်းသိမ်းကာကွယ်ရန် စွမ်းဆောင်ရည်နှင့် အရည်အချင်းကို ထိရောက်စွာ မြှင့်တင်၍ တရုတ် အမျိုးသား၏ ယဉ်ကျေးမှုနှင့် သဘာဝ အဖိုးတန် ရတနာများကို ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်းလည်း ညွှန်ကြား ခဲ့ပါသည်။