အီရန်မှ အစ္စရေးအား တိုက်ခိုက်နိုင်မှုများကို ရင်ဆိုင်ရန် အမေရိကန်နှင့် အစ္စရေး အကြီးတန်း အရာရှိများ ဆွေးနွေး

(GMT+08:00)2024-08-06 13:57:06  

ဩဂုတ်လ ၅ ရက်နေ့တွင် အမေရိကန်ဗဟိုစစ်ဌာနချုပ်မှ စစ်ဦးစီးချုပ် Kurilla သည် အစ္စရေးကာကွယ်ရေးဝန်ကြီး Galante ၊ အစ္စရေးကာကွယ်ရေးတပ်ဦးစီးမှူးချုပ် Halevi တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အီရန်၏ တိုက်ခိုက်နိုင်မှုများအတွက် ရင်ဆိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။

အမေရိကန်ဗဟိုစစ်ဌာနချုပ်မှ စစ်ဦးစီးချုပ် Kurilla သည် သြဂုတ်လ ၃ရက်နေ့တွင် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ ၎င်း၏ ခရီးစဉ် ရည်မှန်းချက်က အီရန်မှ အစ္စရေးအား တိုက်ခိုက်နိုင်မှုများအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် ဒေသတွင်း နိုင်ငံများနှင့် ညှိနှိုင်းရန်ဖြစ်ပါသည်။