ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်၊ နိုင်ငံကို စီမံခန့်ခွဲရန် ကြားဖြတ် အစိုးရဖွဲ့စည်းမည်ဟု စစ်တပ်ကဆို

(GMT+08:00)2024-08-06 13:56:21  

ဘင်္ဂလားဒေ့ရှ် ကြည်းတပ် စစ်ဦးစီးမှူးချုပ် ဝီခ် ဦးဇ် ဇာမန် သည် ယခုလ ရက်နေ့က ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ် Sheikh Hasina သည် ယင်းနေ့၌ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း၊ နိုင်ငံကို စီမံခန့်ခွဲရန် မကြာမီ ကာလအတွင်း ကြားဖြတ်အစိုးရ အဖွဲ့ ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရုပ်မြင်သံကြား မိန့်ခွန်းတွင် ဇာမန် က ပြည်သူများအား ခေါင်းအေးအေးထားရန်နှင့်  နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် စနစ်တကျရှိရေးကို အတူ ထိန်းသိမ်းကာကွယ်ရန် ပန်ကြားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း လတ်တလော ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးသွားမည်ဟု အလေးပေး ပြောကြားခဲ့သည်။

ယခုလ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံတဝှမ်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး Hasina နှင့် သူမ၏ အစိုးရ နုတ်ထွက်ရန် တောင်းဆိုခဲ့သည်။