သြဂုတ်လ ၅ ရက်နေ့က တရုတ်အစိုးရ၏ အရှေ့အလယ်ပိုင်း ရေးရာ အထူးသံတမန် ကျိုင်ကျွင့်သည် ကမ်းလှမ်းချက်အရ ဆွစ်ဇာလန်၏ အရှေ့အလယ်ပိုင်း ရေးရာ အထူးသံတမန် ဘရူဟာထ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြပါသည်။
ဘရူဟာထ်က တရုတ်နိုင်ငံ၏ အောင်မြင်စွာ ကြားဝင် ဖျန်ဖြေ ဆောင်ရွက်မှုဖြင့် ပါလက်စတိုင်းမှ အဖွဲ့ ၁၄ ဖွဲ့တို့ တရုတ်နိုင်ငံ၌ ဆွေးနွေးပွဲ ပြုလုပ်ကာ "သွေးကွဲမှုကို အဆုံးသတ်ပြီး ပါလက်စတိုင်း တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု မြှင့်တင်ရေးဆိုင်ရာ ဘေကျင်း ကြေညာချက်" အတူ ချုပ်ဆိုခဲ့ခြင်းကို ထောမနာပြု ချီးကျူးခဲ့ပါသည်။ ပါလက်စတိုင်း အတွင်းပိုင်း ပြေလည်ရေးအပေါ် တရုတ်နိုင်ငံနှင့် ရပ်တည်ချက် တူညီပြီး ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ကူးလူးဖလှယ်မှုကို ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။
ကျိုင်ကျွင့်သည် ပါလက်စတိုင်း အဖွဲ့အသီးသီးတို့၏ ဘေကျင်း ဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်းခဲ့ပြီး ပါလက်စတိုင်း အဖွဲ့ အသီးသီးတို့ အတွင်းပိုင်း ပြေလည်ရေး အခြေခံပေါ်တွင် တိုင်းရင်းသားများ တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးနှင့် လွတ်လပ်သောနိုင်ငံ တည်ထောင်ရေးကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်ရန် တရုတ်နိုင်ငံက စိတ်ရင်းမှန်ဖြင့် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။