တရုတ်ပြည် ကုန်စည်ပို့ဆောင်ရေးနှင့် ဝယ်ယူရေးအသင်းချုပ်သည် တရုတ်၏ ဇူလိုင်လ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း၏ စည်ပင်ဖွံ့ဖြိုးမှု အညွှန်းကိန်းကို ယနေ့ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ နိုင်ငံတစ်ဝှမ်း နေရာအများအပြားတွင် ဆက်တိုက် မြင့်မားသော အပူချိန်နှင့် ရေလွှမ်းမိုးမှုများကြောင့် ဝယ်လိုအားနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ နှေးကွေးသွားပြီး၊ ကုန်စည်ပို့ဆောင်ရေး စည်ပင် ဖွံ့ဖြိုးမှုအညွှန်းကိန်း အနည်းငယ်ကျဆင်းသွားသော်လည်း စည်ပင် ဖွံ့ဖြိုးမှုဘောင်အတွင်းတွင် ရှိနေသေးသည်ဟု သိရပါသည်။
ပြီးခဲ့သည့် ဇူလိုင်လက တရုတ်ပြည် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း၏ စည်ပင်ဖွံ့ဖြိုးမှု အညွှန်းကိန်းသည် 51% ဖြစ်ပြီး၊ ဇွန်လကထက် 0.6 ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်ဟု သိရပါသည်။