ရေဘေးနှင့် မိုးခေါင်ရေရှားမှု ကာကွယ်ရေး လုပ်ငန်း စနစ် အရှိန်မြှင့် တည်ဆောက်မည်ဟု တရုတ် ရေအရင်းအမြစ် ဝန်ကြီးဌာနဆို

(GMT+08:00)2024-08-05 14:46:15  

    မကြာခင်က တရုတ် ရေအရင်းအမြစ် ဝန်ကြီးဌာနသည် “ရေဘေးနှင့် မိုးခေါင်ရေရှားမှု ကာကွယ်ရေး လုပ်ငန်း စနစ် အရှိန်မြှင့် တည်ဆောက်ရေး ဆိုင်ရာ သဘောထားမှတ်ချက်” ကို ထုတ်ပြန်ခဲ့ပါသည်။ ၄င်းသဘောထားမှတ်ချက်တွင် ဘေးဒဏ် ကာကွယ်ရေး ဆိုင်ရာ တာဝန်များကို တစ်ဆင့်တိုး လက်တွေ့ကျကျ ဆောင်ရွက်ပြီး မူဝါဒ ချမှတ်ရေး ဆိုင်ရာ ပံ့ပိုးနိုင်စွမ်းကို တိုးမြှင့်ကာ စီမံခန့်ခွဲမှု အရည်အချင်းကို မြှင့်တင်၍ ရေဘေးနှင့် မိုးခေါင်ရေရှားမှု ကာကွယ်ရေး လုပ်ငန်း စနစ်ကို ပြည့်စုံစေဖို့ ဆောင်ရွက်ရန် လိုကြောင်း ဖော်ပြထားပါသည်။

     ထို့အပြင် ရေအရင်းအမြစ် ဝန်ကြီးဌာန အဆင့်ဆင့်သည်   တာဝန်များကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်သည့်၊  မူဝါဒ ချမှတ်ရေး ဆိုင်ရာ ပံ့ပိုးမှု ရှိသည့်၊   စီမံခန့်ခွဲနိုင်စွမ်း မြင့်မားသည့် ရေဘေးနှင့် မိုးခေါင်ရေရှားမှု ကာကွယ်ရေး လုပ်ငန်း စနစ်ကို အရှိန်မြှင့် တည်ဆောက်ပြီး ဘေးဒဏ် ကာကွယ်ရေးနှင့် လျှော့ချရေး ဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။