အစ္စရေးသည် ဂါဇာရှိ စာသင်ကျောင်းများအား လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် လူ ၃၀ သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးသမားများက လက်ဗလာဖြင့်သာ တူးဖော်နိုင်

(GMT+08:00)2024-08-05 14:39:27  

ယခုလ ၄ရက်နေ့က ပါလက်စတိုင်းသတင်းအေဂျင်စီ ဝါဖာမှ ထုတ်ပြန်ချက်အရ ထိုနေ့က အစ္စရေးသည် ဂါဇာအနောက်ပိုင်းရှိ စာသင်ကျောင်းနှစ်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ဂါဇာ အရပ်ဘက် ကာကွယ်ရေးဌာန၏ အချက်အလက်အရ တိုက်ခိုက်မှုကြောင့် လူ၃၀ထက်မနည်းသေဆုံး၍ လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ သိရပါသည်။

ယခုလ၄ရက်နေ့က အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ အဆိုပါတိုက်ခိုက်မှု၏ ပစ်မှတ်သည် စာသင်ကျောင်းအဆောက်အဦများတွင် ပုန်းအောင်းနေသည့် ဟားမတ်စ်စစ်သွေးကြွများဖြစ်ကြောင်း၊ အစ္စရေးစစ်တပ်သည် တိကျသော လက်နက်ခဲယမ်းများကို အသုံးပြုမှု အပါအဝင်‌ ဆောင်ရွက်ချက်များဖြင့် အရပ်သားသေဆုံးမှု လျော့နည်းစေရန်   ပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း မျက်မြင်သက်သေများ၏ပြောဆိုချက်အရ စာသင်ကျောင်းနှစ်ကျောင်းမှာ  နေထိုင်သူ များသောအားဖြင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြပြီး အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုများက ပြင်းထန်သဖြင့် စာသင်ကျောင်းအတွင်းနှင့် အနီးရှိလူများသေဆုံးမှု များပြားခဲ့ပြီး သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း သတင်းအရ သိရပါသည်။