ရှီးအန်းမြို့တွင် ကိုယ်ပိုင်တီထွင်ထုတ်လုပ်ထားသော မောင်းသူမဲ့လျှပ်စစ်စက်ခေါင်းများ သည် ထုတ်လုပ်မှုလိုင်းမှ တရားဝင်ဖြန့်ချိ

(GMT+08:00)2024-08-05 14:41:29  

ယခုလ ၃ ရက်နေ့က China Railway Changan Heavy Industry Co., Ltd. မှ ကိုယ်ပိုင်တီထွင်ထုတ်လုပ်ထားသော မောင်းသူမဲ့လျှပ်စစ်စက်ခေါင်းများကို ရှီးအန်းမြို့ Yanliang ရပ်ကွက်တွင် ထုတ်လုပ်မှုလိုင်းမှ တရားဝင် ဖြန့်ချိလိုက်ပြီဖြစ်ပါသည်။ ဤစက်ပစ္စည်းများကို ဥမင်လိုဏ်ခေါင်းတည်ဆောက်မှုအခြေအနေများတွင် အဓိက အသုံးပြုပြီး ၎င်း၏တည်နေရာ သိခြင်း(positioning) တိကျမှုသည် စင်တီမီတာအဆင့်အထိရောက်ရှိနိုင်ပါ သည်။ ဝန်ထမ်းများသည် ဥမင်လိုဏ်ခေါင်းအတွင်းရှိ မော်တော်ယာဉ်များအား အချိန်နှင့် တပြေးညီ တည်နေရာနှင့် လည်ပတ်ပုံများစသည့် အဓိကအချက်အလက်များကို အဝေးမှ စောင့်ကြည့်နိုင်ပြီး လျှပ်စစ်စက်ခေါင်းယူနစ်၏ လုပ်ငန်းစဉ်တစ်ခုလုံးမြင်သာစေပြီး မောင်းသူမဲ့မောင်းနှင်နိုင်မည်ဟု သိရပါသည်။