တရုတ် ပင်လယ် စောင့်ကြပ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကမ်းယူက သြဂုတ်လ ၃ ရက်နေ့မှစပြီး ဖိလစ်ပိုင် ငါးဖမ်းလုပ်ငန်းနှင့် ရေထွက်ကုန် အရင်းအမြစ် ဌာနမှ ကင်းလှည့် သင်္ဘောနှင့် ငါးဖမ်းသင်္ဘောများသည် ရှန်ပင် ကျောက်တန်း၌ တရားမဝင် သောင်တင်နေသော ဖိလစ်ပိုင် ပင်လယ်ရဲတပ် သင်္ဘော အမှတ် ၉၇၀၁ အနီးသို့ အဆင့်ဆင့် ရောက်ရှိ စုစည်းခဲ့ကြောင်း၊ တရုတ် ပင်လယ်ရဲတပ်သည် ဥပဒေနှင့်အညီ ဖြစ်စဉ် တစ်ခုလုံး လိုက်လံ ကြပ်မတ်၊ ထိရောက်စွာ ထိန်းချုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကမ်းယူက တရုတ်နိုင်ငံသည် ရှန်ပင် ကျောက်တန်း အပါအဝင် နန်စားကျွန်းစုနှင့် ကပ်လျက် ပင်လယ်ပြင်အပေါ် မငြင်းသာသော အချုပ်အခြာအာဏာ ပိုင်ရှိကြောင်း၊ ဖိလစ်ပိုင်သင်္ဘောသည် ရှန်ပင် ကျောက်တန်း၌ သောင်တင်ခြင်းသည် တရုတ် ပိုင်နက် အချုပ်အခြာနှင့် ပင်လယ်ဆိုင်ရာ အကျိုးစီးပွားနှင့် အခွင့်အရေးကို ကျူးလွန်ကာ တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်းကို ချိုးဖောက်၍ တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်ရေးကို ဖျက်ဆီးခဲ့ကြောင်း၊ တရုတ် ပင်လယ် ရဲတပ်သည် ယခင်အတိုင်း ပိုင်နက် ပင်လယ်နယ်မြေ၌ ဥပဒေ စိုးမိုးခြင်းကို ပြုလုပ်သွားမည် ဖြစ်ပြီး နိုင်ငံတော် ပိုင်နက်နယ်မြေနှင့် ပင်လယ်ဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။