ဂါဇာကမ်းမြောင်ဒေသ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် ပိုမိုဆိုးရွားလာပြီး စစ်ဘေးရှောင်ပြည်သူများမှာ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်လျက်ရှိသည်

(GMT+08:00)2024-08-05 14:37:15  

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့ကစပြီး ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆက်တိုက်ဆိုးရွားလာခဲ့သည်။ ကုလသမဂ္ဂမှ စာရင်းအရ ဂါဇာရှိ လူဦးရေ၏ ၉၆ ရာခိုင်နှုန်းသည် စားနပ်ရိက္ခာ မလုံလောက်ပါ။ ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ Deir El-Balah တွင် စစ်ဘေးရှောင်ပြည်သူအများအပြားမှာလည်း စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ထောက်ပံ့ရေးမလုံလောက်မှုတို့ကို ရင်ဆိုင်နေရသည်။ အစားအစာရရှိရန် လူများစွာသည် ပူပြင်းသောနေရောင်အောက်တွင် လေးနာရီ သို့မဟုတ် ငါးနာရီကြာအောင် စောင့်ဆိုင်းရသော်လည်း နောက်ဆုံးတွင် ၎င်းတို့ရရှိသည့် အစားအစာသည် မလုံလောက်နိုင်ပေ။

အစားအစာအပြင် ရေရှားပါးမှုသည်လည်း စစ်ဘေးရှောင်ပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာတစ်ရပ် ဖြစ်သည်။ အစ္စရေးတပ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ရေတွင်းများ ပျက်စီးပြီး ဒေသ ရေအရင်းအမြစ်များ အလွန်ရှားပါးသွားသည်။