တရုတ်နိုင်ငံ၏ အများအပြား ရောင်းဝယ်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းညွှန်းကိန်းသည် ၃ လဆက်တိုက် ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် တိုးတက်မှုရရှိ

(GMT+08:00)2024-08-05 14:42:05  

တရုတ်နိုင်ငံ ကုန်စည်ပို့ဆောင်ရေးနှင့် ဝယ်ယူရေးအသင်းချုပ်က ယနေ့ ၅ ရက်နေ့တွင် ဇူလိုင်လ တရုတ်နိုင်ငံ၏ အများအပြား ရောင်းဝယ်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းညွှန်းကိန်းကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ အညွှန်းကိန်း၏ လည်ပတ်မှုအား အကဲဖြတ်ကြည့်ခြင်းအားဖြင့် အော်ဒါ မများသော ရာသီနှင့် ရာသီဥတုဆိုးရွားပြင်းထန်မှုကဲ့သို့သော ရာသီအလိုက် အကြောင်းရင်းများကြောင့် ယင်းညွှန်းကိန်းသည် ဇွန်လကထက် အနည်းငယ်ကျဆင်းသွား သော်လည်း ယခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် ပျမ်းမျှအဆင့်ထက် ပိုများနေသေးကြောင်း၊ ယင်းသည် မက်ခရိုစီးပွားရေး မူဝါဒများကို အားဖြည့် အကောင်အထည်ဖော်ခြင်းဖြင့် အများအပြား ရောင်းဝယ်သော ကုန်ပစ္စည်း ဈေးကွက်သည် ဆက်လက် တည်ငြိမ်စွာ ပြန်လည်ကောင်းမွန်လာကာ အလုံးစုံအားဖြင့် တိုးချဲ့မှု ထိန်းသိမ်းထားခြင်းကို ပြသထားကြောင်း သတင်းအရ သိရပါသည်။

ဇူလိုင်လတွင် တရုတ်နိုင်ငံ၏ အများအပြား ရောင်းဝယ်သော ကုန်ပစ္စည်းများ၏ ကုန်စည်ဈေးနှုန်းညွှန်းကိန်းသည် ၁၁၄.၅ မှတ်ဖြစ်ပြီး ဇွန်လကထက် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ၃ လ ဆက်တိုက် ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် တိုးတက်မှုရရှိကြောင်း သတင်းအရ သိရပါသည်။