မာလီ ကြားဖြတ်အစိုးရသည် သြဂုတ်လ ၄ ရက်နေ့က ပြန်တမ်း တစ်ရပ် ထုတ်ပြန်ပြီး ယူကရိန်းနှင့် သံတမန် ဆက်ဆံရေးကို ချက်ချင်း ဖြတ်တောက်ကြောင်း ကြေညာခဲ့သည်။
ယင်းပြန်တမ်းတွင် ယူကရိန်းသည် အကြမ်းဖက်အဖွဲ့၏ ထိုးစစ်ဆင် တိုက်ခိုက်မှုတွင် ပါဝင်ပြီး မာလီ အရှေ့မြောက်ပိုင်းဒေသ စစ်ပွဲတွင် မာလီတပ်သားများ သေဆုံး ဒဏ်ရာ ရရှိမှုနှင့် ပစ္စည်းဉစ္စာ နစ်နာဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်ဟု ယူကရိန်း စစ်ရေး ထောက်လှမ်းရေး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ယူစောဗ်၏ မကြာမီက ပြောဆိုချက်ကို မာလီ ကြားဖြတ်အစိုးရက သတိထားမိကြောင်း၊ ယူကရိန်း၏ လုပ်ရပ်သည် မာလီ၏ အချုပ်အခြာအာဏာကို ကျူးလွန်ထိပါးပြီး မာလီအား ထင်ရှားသော ကျူးကျော်ခြင်း ဖြစ်ကြောင်း၊ မာလီ ကြားဖြတ်အစိုးရသည် ယူကရိန်းနှင့် သံတမန် ဆက်ဆံရေးကို ချက်ချင်း ဖြတ်တောက်ရန် ဆုံးဖြတ်ကြောင်း ဖော်ပြထားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။