အီရန်လွှတ်တော်ဥက္ကဋ္ဌက ဟာနီယေး တိုက်ခိုက်ခံရပြီးသေဆုံးခြင်းကို ပြင်းထန်စွာ တုံ့ပြန်မည်ဟု ပြောကြားပြီး အစ္စရေးနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးက ကာကွယ်ရန် အဆင်သင့်ဖြစ်နေပြီဟု ပြောကြား

(GMT+08:00)2024-08-05 14:37:42  

ဇူလိုင်လ ၃၁ရက်နေ့တွင် ဟားမတ်စ်အဖွဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ခေါင်းဆောင် ဟာနီယေး သည် အီရန်နိုင်ငံ တီဟီရန်မြို့တော်၌ တိုက်ခိုက်မှုခံခဲ့ရပြီး သေဆုံးခဲ့သောကြောင့် ဒေသတွင်း အခြေအနေ ဆက်လက်တင်းမာစေပါသည်။

အီရန်မီဒီယာမှသတင်းအရ ဩဂုတ်လ ၄ရက်နေ့က အီရန်လွှတ်တော်ဥက္ကဋ္ဌ Ghalibafက အားကောင်းသောအီရန်၏ စစ်ရေးအင်အားသည် အစ္စရေးနှင့် ၎င်း၏ထောက်ခံသူအမေရိကန် အား “သမိုင်းဝင်သင်ခန်းစာ”ကို ပေးမည်ဖြစ်ကြောင်း၊ အီရန်မှ ပြင်းထန်သောတုံ့ပြန်မှုသည် အစ္စရေးနှင့်အမေရိကန်တို့ ဟာနီယေးကို  လုပ်ကြံသတ်ဖြတ်မှုအတွက် နောင်တရစေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Ghalibafသည်လည်း အီရန်လွှတ်တော်ကိုယ်စား အီရန်နိုင်ငံ၏အကျိုးစီးပွားကို ထိန်းသိမ်းရန်အတွက် အီရန်အစိုးရအနေနှင့် ကြောက်ရွံ့အောင် ခြိမ်းခြောက်မှုပါသောတုံ့ပြန်မှု ပြုလုပ်ရန် ပန်ကြားခဲ့ပါသည်။

ဩဂုတ်လ ၄ရက်နေ့က အစ္စရေးနိုင်ငံတော်ကာကွယ်ရေးဝန်ကြီး Gallantက အစ္စရေး သည် မြေပြင်နှင့်ဝေဟင်၌ ကာကွယ်ရေးပြင်ဆင်မှုကို အပြည့်အဝ ပြုလုပ်ပြီဖြစ်ကြောင်း၊ အစ္စရေးတပ်ဖွဲ့သည် တိုက်ခိုက်မှုများကို ဆောင်ရွက်ရန် သို့မဟုတ် ဝင်လာသော တိုက်ခိုက်မှုများကို လျင်မြန်စွာ တုံ့ပြန်နိုင်ကြောင်း၊ အစ္စရေးကို တိုက်ခိုက်သောရန်သူများ အား ဆိုးဝါးစွာနစ်နာဆုံးရှုံးစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။