ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန် နိုင်ငံသားများ၏ ဘေးကင်းစေရန် နှင့် အစ္စရေးကို ကာကွယ်ရန်အတွက် အမေရိကန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် ၎င်း၏ စစ်ဘက်ဆိုင်ရာ တည်ရှိမှုကို အားကောင်းစေပြီး စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို တိုးချဲ့ချထားမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၂ ရက်နေ့က ပြောကြားခဲ့ ပါသည်။
အဆိုပါ စစ်ရေး အနေအထား ပြုပြင်ပြောင်းလဲမှုသည် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန် စစ်အင်အား၏ ကျယ်ပြန့်သော စွမ်းရည်များကို မြှင့်တင်ပေးခဲ့ပါသည်။ အရှေ့အလယ်ပိုင်းဒေသတွင် အီရန်နှင့် ၄င်း၏ မဟာမိတ်များက ပဋိပက္ခများ အရှိန်မြင့်စေရန် ဆောင်ရွက်နိုင်ခြေကို လျှော့ချရန် ဆောင်ရွက်ချက်များကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောကြားခဲ့ပါသည်။