လက်ဘနွန် Hezbollah ၏ al-Manar ရုပ်မြင်သံကြားဌာနမှ သြဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည့်သတင်းအရ Hezbollah သည် ထိုနေ့နံနက်အစောပိုင်းတွင် အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ "Katyusha" ဒုံးကျည် ဒါဇင်ပေါင်းများစွာကို ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသည် ဩဂုတ်လ ၃ ရက်နေ့က လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက် ခဲ့တာကြောင့် တုံ့ပြန်သည့်အနေနှင့် ပြန်လည်ပစ်ခတ်တာ ဖြစ်ကြောင်း သိရပါသည်။
လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၇ရက်နေ့မှ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ် စတင်ဖြစ်ပွားကတည်းက လက်ဘနွန် Hezbollah နှင့် အစ္စရေးစစ်တပ်ကြား နယ်စပ်ဒေသတွင် ပဋိပက္ခသည် ယခုအထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး လက်ဘနွန် တောင်ပိုင်းဒေသနှင့် အစ္စရေးမြောက်ပိုင်းဒေသရှိ နေထိုင်သူ အများအပြား ရွှေ့ပြောင်းခဲ့ပြီဖြစ်ကြောင်း သတင်းအရ သိရှိရ သည်။