နေထိုင်စားသောက်ရေးနှင့် သက်ကြီးရွယ်အိုနှင့်ကလေး စောင့် ရှောက်ရေးစသော နယ်ပယ်များကို အာရုံစိုက်ပြီး နည်းလမ်းများစွာဖြင့် ဝန်ဆောင်မှု ဆိုင်ရာ စားသုံးမှု ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အားသစ် လောင်းပေး

(GMT+08:00)2024-08-04 16:28:04  

ဩဂုတ်လ ၃ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီသည် “ဝန်ဆောင်မှု ဆိုင်ရာ စားသုံးမှု  အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး အကြံ ပြုချက် များ”ကို ထုတ်ပြန်ပြီး ယင်းအကြံ ပြုချက်များသည် တရုတ်နိုင်ငံက ဝန်ဆောင်မှု ဆိုင်ရာ စားသုံးမှု ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် ပထမဦးဆုံးအကြိမ် စနစ်တကျ ဘက်စုံ စီမံခန့်ခွဲခြင်း ဖြစ်ကြောင်း သိရှိရသည်။

 ယင်းအကြံပြုချက်များသည် နေထိုင်စားသောက်ရေး၊ အိမ်ရာဝန်ဆောင်မှု၊  သက်ကြီးရွယ်အိုနှင့် ကလေး စောင့်ရှောက်ရေးနှင့် ယဉ်ကျေးမှုဖျော်ဖြေရေးစသောအရေးကြီးနယ်ပယ်၈ခုကို အာရုံစူးစိုက်ပြီး အရေးကြီးတာဝန်အခု၂၀ကို တင်ပြခဲ့ ကြောင်း၊ ဝန်ဆောင်မှု ဆိုင်ရာ စားသုံးမှု ဆန်း သစ်တည်ထွင်ခြင်း၊ ဝန်ဆောင်မှုသုံးစွဲရေးတံဆိပ်ပျိုးထောင်ခြင်း၊ ဝန်ဆောင်မှု လုပ်ငန်း ပြည်ပသို့ ဖွင့်လှစ်ခြင်း၊ ဝန်ဆောင်မှုဆိုင်ရာ စားသုံးမှုကို ကြီးကြပ်ခန့်ခွဲမှု အားဖြည့်ဆောင်ရွက်ခြင်း၊ လုပ်ငန်းများကို ရိုးဖြောင့်မှုနှင့် ကတိသစ္စာစောင့်စည်းမှုရှိရှိဖြင့် သက်ဆိုင်ရာ စည်းမျဉ်းဥပဒေများနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ရန် ဦိးဆောင်ခြင်းနှင့် ဝန်ဆောင်မှု  ဆိုင်ရာ စားသုံးမှု စံနှုန်းကို ကောင်းမွန်ပြည့်စုံစေခြင်းစသောနည်းလမ်းများဖြင့် ဝန်ဆောင်မှု ပေးအပ်ခြင်း ပိုမို ကောင်းမွန်စေပြီး ဝန်ဆောင်မှု ဆိုင်ရာ စားသုံးမှု ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အားသစ် လောင်းပေးရန် လိုကြောင်း အကြုံပြုချက်တွင် ဖော်ပြထားသည်ဟု သတင်းအရ သိရပါသည်။