အစ္စရေးက ဟာနီယေးအား လုပ်ကြံသတ်ဖြတ်ခြင်းကို အမေရိကန်၏ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ် ကြောင်း အီရန်ထောက်လှမ်းရေးဝန်ကြီးဆို

(GMT+08:00)2024-08-04 16:29:13  

ပါလက်စတိုင်း အစ္စလာမ္မစ် ခုခံရေး လှုပ်ရှားမှု (ဟားမတ်စ်) အဖွဲ့ နိုင်ငံရေးဗျူရို ခေါင်းဆောင် ဟာနီယေးကို အစ္စရေး အစိုးရမှ လုပ်ကြံသတ်ဖြတ်မှုသည် အမေရိကန်၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဟာနီယေး လုပ်ကြံသတ်ဖြတ်မှုခံရခြင်းသည် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်မှုကို တစ်ဖန်သက်သေပြခဲ့ကြောင်း အီရန်ထောက်လှမ်းရေးဝန်ကြီး Khatib က ပြောကြားခဲ့သည်ဟု အီရန် အစ္စလာမ့်သမ္မတနိုင်ငံသတင်းအေဂျင်စီက ဩဂုတ်လ ၂ ရက်နေ့တွင် ဖော်ပြခဲ့ သည်။