အညွှန်းကိန်းများဆက်လက်တက်လာပြီး တရုတ်စီးပွားရေးဖွံ့ဖြိုးမှု တက်ကြွအား အပြည့်ရှိ

(GMT+08:00)2024-08-04 16:27:38  

ယခုရက်များအတွင်း တရုတ်တစ်ပြည်လုံးရှိ ပြည်နယ် ၃၁ခုတို့သည် ယခုနှစ် ပထမ နှစ်ဝက်ပိုင်းက စီးပွားရေးဆိုင်ရာ အချက်အလက်များကို ဆက်တိုက်ထုတ်ပြန်ပြီး ဒေသဆိုင်ရာ ကုန်ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုးကိုကြည့်ခြင်းအားဖြင့် ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် ပြည်နယ် ၁၃ခုမှ ကုန်ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုးသည်  ၂ ထရီလီယံကျော်ခဲ့သည်ဟု သိရပါသည်။

ထို့အပြင် ယခုနှစ် ပထမနှစ်ဝက်ပိုင်းက အနောက်ပိုင်း ဒေသများမှ အရည်အသွေးမြင့် စီးပွားရေးဖွံ့ဖြိုးမှုသည် အရှိန်အဟုန်ကောင်းမွန်ပြီး စီးပွားရေးအညွှန်းကိန်းများသည် တစ်ပြည် လုံး၌ ဦးဆောင်မှုနေရာတွင် တည်ရှိနေသည်ဟု သိရပါသည်။