မကြာခင်က အမေရိကန်ကုန်သည်များအသင်းနှင့် အမေရိကန်-တရုတ်ကုန်သွယ်ရေးကောင်စီ၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီသည် တရုတ် လုပ်ငန်းရှင် ကိုယ်စားလှယ်များ အဖွဲ့ကို ဦးဆောင်၍ အမေရိကန်သို့ လည်ပတ်ခဲ့ကြောင်း၊ အမေရိကန် နိုင်ငံရေး နှင့်စီးပွားရေးနယ်ပယ်များမှ ပုဂ္ဂိုလ်များက စီးပွားရေးနှင့်ကုန်သွယ်ရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေး အတွက် “တည်ငြိမ်မှုဖြစ်စေသည့်အရာ” ဖြစ်မြဲ ဖြစ်နေသေးကြောင်း၊ အရပ်ဘက်မှ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အလွန် အရေးပါသည်ဟု ယူဆကြောင်း၊ သမ္မတရှီကျင့်ဖိန်ထုတ်ပြန်သည့် “တရုတ်-အမေရိကန် ဆက်ဆံရေး၏ မျှော်လင့်ချက်နှင့် အခြေခံအုတ်မြစ်သည် ပြည်သူတို့၌ တည်ရှိနေပြီး အနာဂတ်သည် လူငယ်များတွင်ရှိကာ တက်ကြွမှုသည် ဒေသန္တရတွင် ရှိသည်” ဆိုသော ပြောဆိုချက်ကို ယခု အကြိမ်လည်ပတ်ခြင်းက ဖော်ပြနေကြောင်း သတင်းအရ သိရပါသည်။
တရုတ်-အမေရိကန် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်သည် ပြည်သူတို့၌ တည်ရှိနေပြီး ဒေသများတွင် တက်ကြွမှုရှိ
(GMT+08:00)2024-08-04 16:26:15