ရှီကျင့်ဖိန်၏ ပြန်စာသည် ဇာတိမြေ နင်ပို ဖြစ်သည့် ဟောင်ကောင် လုပ်ငန်းရှင်များမှ လှိုက်လှဲစွာ တုံ့ ပြန်မှုများ ရရှိ

(GMT+08:00)2024-08-03 11:35:27  

    မကြာခင်က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပေါဖေချင့်နှင့် ဇော်ချီယုံ အပါအဝင် ဇာတိမြေ နင်ပို ဖြစ်သည့် ဟောင်ကောင် လုပ်ငန်းရှင်များထံသို့ ပြန်စာ ရေးသားပြီး ၄င်းတို့ကို ရင်းနှီးစွာ အားပေးကြောင်း ဖော်ပြခဲ့သည်။ ဇာတိမြေ နင်ပို ဖြစ်သည့် ဟောင်ကောင် လုပ်ငန်းရှင်များနှင့် ဇာတိမြေ ကျဲကျန်းပြည်နယ် ဖြစ်သည့် ဟောင်ကောင်ရှိ နာမည်ကျော် ပုဂ္ဂိုလ်များက သမ္မတ ရှီကျင့်ဖိန်၏ ပြန်စာသည် မိမိတို့ကို များစွာအားဖြစ် စေကြောင်း၊ မိမိတို့သည် ရှေးလူကြီးသူမများ၏ မျိုးချစ်နှင့် ဇာတိမြေချစ် ဟူသော ကောင်းမွန်သည့် အစဉ်အလာကို ဆက်ခံစွဲကိုင်ပြီး နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု လုပ်ငန်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကာ တရုတ် အမျိုးသား ပြန်လည်ရှင်သန်ရေး ဟူသည့် မွန်မြတ်သော တရုတ် အိပ်မက်ကို အကောင်အထည် ဖော်ဆောင်ရန် အတွက် အကျိုးပြု စွမ်းဆောင်ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။