အိန္ဒိယနိုင်ငံ Kerala ပြည်နယ်တွင် တောင်မြေပြိုကျမှုကြောင့် လူ ၃၄၁ဦး သေဆုံး

(GMT+08:00)2024-08-03 11:37:33  

ဇူလိုင်လ ၃ဝ ရက်နေ့ နံနက်အစောပိုင်းက အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် Wayanad ဒေသတွင် ဖြစ်ပွားခဲ့သော တောင်မြေပြိုကျမှုတွင် လူပေါင်း ၃၄၁ ဦး သေဆုံးခဲ့ကြောင်း သတင်းအရ သိရပါသည်။ အခင်းဖြစ်ပွားသည့်နေရာတွင် မိုးဆက်လက်ရွာသွန်းပြီး လမ်းအချို့ ပျက်စီးသွားသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အလွန်ခက်ခဲ ကြောင်း သတင်းအရ သိရှိရသည်။