အမေရိကန်သည် ၎င်း၏နျူကလီးယား အင်အား တိုးချဲ့ရန်နှင့် အဆင့်မြှင့်တင်ရန် မကြာခဏ လုပ်ဆောင်ခြင်းကြောင့် နိုင်ငံတကာ လုံခြုံရေးသည် ပြင်းထန်သော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရမည်

(GMT+08:00)2024-08-03 13:51:05  

TASS သတင်းဌာနမှ သတင်းထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ အာကာသမူဝါဒဆိုင်ရာ ယာယီ လက်ထောက်ကာကွယ်ရေးဝန်ကြီး နာရမ်က နျူကလီးယားလက်နက်ဆိုင်ရာ ကန့်သတ်ချက်များ အလုံးစုံ ရုပ်သိမ်းနိုင်ခြေကို ပယ်ချနိုင်ခြင်းမဟုတ်ကြောင်း၊ အမေရိကန်သည် တပ်ဖြန့်ထားသော နျူကလီးယားထိပ်ဖူးအရေအတွက်ကို ချိန်ညှိရန် အဆင်သင့် ဖြစ်နေဖို့ လိုအပ်ပါကြောင်း သြဂုတ်လ ၁ရက်နေ့တွင် ပြောကြားခဲ့သည်ဟု သိရပါသည်။

အမေရိကန်-ရုရှား နျူကလီးယားလက်နက်ထိန်းချုပ်ရေးစနစ် ပြိုလဲသွားသည့် အခြေအနေတွင် အမေရိကန်က နျူကလီးယားလက်နက်များ ခေတ်မီအောင် ဆက်လက် မြှင့်တင်ခြင်းသည် ရုရှားထံမှ တန်ပြန်တိုက်ခိုက်မှုများ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်ကြောင်း၊ နျူကလီးယား အားပြိုင်မှု ပူပြင်းလာပြီး နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုစတင်လျှင် နိုင်ငံတကာရဲ့ လုံခြုံရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးသည် ပြင်းထန်သော ခြိမ်းခြောက်မှုများ ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့ပါသည်။