ယခုနှစ်တွင် New Western Land-Sea Corridorမှ ကုန်တင်ရထားများသည် ကုန်စည် TEU ၅ သိန်း ကျော်ကို ပို့ဆောင်နိုင်ခဲ့

(GMT+08:00)2024-08-03 11:36:08  

ယခုလ ၂ ရက်နေ့က ထိုင်းနိုင်ငံမှ ပီလောပီနံဓာတ်များကို တင်ဆောင်ထားသည့် အမှတ် X9586 New Western Land-Sea Corridor rail-sea ပေါင်းစပ်သယ်ယူ ပို့ဆောင်ရေး ရထားသည် ကွမ်ရှီး Qinzhou ဆိပ်ကမ်း အရှေ့ဘူတာမှ ထွက်ခွာပြီး စိချွန်းပြည်နယ်သို့ ဦးတည်ခဲ့သည်။ ယခုနှစ်တွင် New Western Land-Sea Corridor တွင် ကုန်တင်ရထား လိုင်း ၅ လိုင်း တိုးမြှင့် ပြီး သကြားနှင့် မော်တော်ယာဉ်အစိတ်အပိုင်းများ rail-sea ပေါင်းစပ်သယ်ယူပို့ဆောင်မှု ပမာဏသည် ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် ၄၃% နှင့် ၆၉% အသီးသီး တိုးလာခဲ့သည်ဟု သတင်းအရသိရပါသည်။