ကနေဒါ စစ်သင်္ဘော ထိုင်ဝမ်ရေလက်ကြား ဖြတ်ကျော်ပြီး သတင်းဖြန့်ခြင်းဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာနမှ တုံ့ပြန်ပြောကြား

(GMT+08:00)2024-08-03 11:35:47  

    ကနေဒါရေတပ်မှ ဖရီးဂိတ်သင်္ဘော "မွန်ထရီရယ်" သည် ဇူလိုင်လ ၃၁ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ခဲ့သည်ဟု သတင်းအရသိရပါသည်။ တရုတ်နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Zhang xiao gang က ကနေဒါ စစ်သင်္ဘော  ထိုင်ဝမ်ရေလက်ကြား ဖြတ်ကျော်ခြင်းနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ရာ၌ အရှေ့စစ်နယ်သည် ကနေဒါ စစ်သင်္ဘော ထိုင်ဝမ်ရေလက်ကြား ဖြတ်ကျော်ပြီး သတင်းဖြန့်ခြင်း အပေါ် တုံ့ပြန်ခဲ့ပြီး တရုတ်ဘက်သည် စစ်ရေးသံတမန် လမ်းကြောင်းမှတစ်ဆင့် ကနေဒါဘက်အား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ကြောင်း၊ ကနေဒါစစ်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြား၌ နှောင့်ယှက် အရေးဖြစ်ပွားစေခြင်းသည် “ထိုင်ဝမ်သီးခြားတည်ရှိရေး” ခွဲထွက်မှုအင်အားများအား မှားယွင်းသော အချက် ပေးပို့ပြီး ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်မှုအပေါ် ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။