အမေရိကန် ရီပတ်ဘလစ်ကန် ပါတီ သမ္မတလောင်း ထရန့်သည် သမ္မတ ရွေး ကောက် ပွဲတွင် အနိုင် ရရှိလျှင် “အမေရိကန် အပေါ် ဦးစားပေးရေး” ဆိုသည့် မူဝါဒကို ကျင့်သုံးနိုင်မည် ဖြစ်ပြီး အမေရိကန်နှင့် ဥရောပ အကြား ကုန်သွယ်မှု စစ်ပွဲကို ထပ်မံ ဖြစ်စေနိုင်ဖွယ်ရာလည်း ရှိကြောင်း၊ ယင်း အတွက် ဥရောပ သမဂ္ဂသည် ရင်ဆိုင်ရေး နည်းဗျူဟာကို ချမှတ် သင့်ကြောင်း မကြာခင်က ဥရောပ မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဥရောပ သမဂ္ဂ၏ ပထမ ခြေလှမ်းမှာ ထရန့် သမ္မတ အဖြစ် အရွေးခံရလျှင် ဥရောပ သမဂ္ဂ မှ စေ့စပ်ဆွေးနွေးရေး ပုဂ္ဂိုလ်သည် ထရန့်နှင့် ချက်ချင်း ဆက်သွယ်ပြီး ကုန်သွယ်ရေး သဘောတူ စာချုပ်ကို အမြန်ဆုံး ရရှိရန် ကြိုးပမ်းမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဆောင်ရွက်ချက်မှာ ထရန့်မှ ဥရောပ သမဂ္ဂ ထုတ်ကုန်ပစ္စည်းများ အပေါ် အခွန် တိုးကောက် ခြင်းကို ရှောင်ရှားရန် အတွက် ဥရောပ သမဂ္ဂက အမေရိကန်မှ သီးသန့် ထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို တိုးပွားစေရန် ပါဝင်ကြောင်း၊ ပထမ ခြေလှမ်း ထမြောက်အောင်မြင်မှု မရှိပါက ဥရောပ သမဂ္ဂ သည် အမေရိကန် ထုတ်ကုန်ပစ္စည်းများ အပေါ် အခွန်တိုးကောက်မှု နည်းလမ်း ဖြင့် တုံ့ပြန်မည် ဖြစ်ကြောင်း ဗြိတိန် နိုင်ငံ Financial Timesက ဖော်ပြခဲ့သည်။