ယခုလ ၃ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး အဖြစ် အရွေးခံရသည့် Tô Lâmထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
၄င်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က မိမိသည် အထွေထွေ အတွင်းရေးမှူး Tô Lâmနှင့် တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို လက်တွေ့ကျကျ နက်ရှိုင်းစွာ ဖော်ဆောင်ရန် ဦးဆောင်ပြီး နှစ်နိုင်ငံ အကြားရှိ ချစ်ကြည်ရေး အစဉ်အလာကို အတူတကွ ပြန့်ပွားစေကာ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို ခိုင်မာစေ၍ မဟာဗျူဟာ ဆက်သွယ်မှုကို နက်ရှိုင်းစေပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအား ပေးကာ နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမိုများပြားတဲ့ သုခချမ်းသာများကို ဆောင်ကြဉ်း ပေးပြီး လူသားတို့၏ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေး လုပ်ငန်း အတွက် အပြုသဘောဆောင် သော အကျိုးပြုမှုများကို စွမ်းဆောင်လိုကြောင်း ဖော်ပြထားပါသည်။