မကြာမီက China Media Groupမှ ဦးစီးကျင်းပသော "ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများ၏ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊ တူရကီ၊ အာဖဂန်နစ္စတန်၊ မွန်ဂိုးလီးယား သီးသန့်ဆွေးနွေးပွဲများကို ဆက်တိုက် ကျင်းပခဲ့ပါသည်။ အာရှ နိုင်ငံ အသီးသီးမှ နိုင်ငံရေး ခေါင်းဆောင်များ၊ တတ်သိပညာရှင်များ၊ ကုမ္ပဏီ ခေါင်းဆောင်များ၊ မီဒီယာ ပုဂ္ဂိုလ်များနှင့် လူငယ် ကိုယ်စားလှယ်တို့သည် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် စုံညီ အစည်းအဝေးမှ ပြုပြင်ပြောင်းလဲမှုကို ဘက်စုံ ဇောက်ချပြုလုပ်ရေးနှင့် အရည်အချင်းမြင့် တံခါးဖွင့်လှစ်မှု တိုးမြှင့်ရေး စသည့် အစီအမံများကို ဝိုင်းဝန်းပြီး တရုတ်နိုင်ငံ၏ အရည်သွေးမြင့် ဖွံ့ဖြိုးတိုးတက်ခြင်းသည် အာရှနိုင်ငံများအတွက် ဆောင်ကြဉ်းလာသည့် နှိုးဆော်မှုနှင့် အခွင့်အလမ်းများ အကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို နောက်ကြောင်းပြန် သုံးသပ်ရာ တရုတ်နိုင်ငံသည် ပြည်သူများကို အစဉ်တစိုက် အဓိကထားသည့် ပြုပြင်ပြောင်းလဲရေးမူကို ရှင်းလင်းစွာ မြင်တွေ့နိုင်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းက အနောက်ပုံစံနှင့် ထင်ရှားသော မတူခြားနား အချက်တွေ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ဇော်က သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေးနယ်ပယ်များတွင် တရုတ်နိုင်ငံ၏ ထူးချွန်သော ဆောင်ရွက်မှုများ အထူးသဖြင့် ဆက်သွယ်ရေးနှင့် စွမ်းအင်သစ် နည်းပညာ၏ ရှေ့ပြေးခြင်းတို့သည် နိုင်ငံတကာ အစိမ်းရောင် အသွင်ကူးပြောင်းခြင်း ရေစီးကြောင်းကို အားကောင်းစွာ တွန်းအားပေးနေကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ပိုးလမ်းမစီမံကိန်း သုတေသနကွန်ရက် အဖွဲ့ဝင် ဦးခင်မောင်စိုးက တရုတ်နိုင်ငံက အဆိုပြုထားသော ပိုးလမ်းမ အတူ တည်ဆောက်ရေး အဆိုပြုချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများစွာ၌ နက်ရှိုင်းသော သြဇာသက်ရောက်မှု ဖြစ်ပေါ်လာစေပြီ ဖြစ်ပြီး ဒေသတွင်း စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော အင်အားများ ထည့်သွင်း ပေးရုံသာမက ဒေသခံပြည်သများအတွက်လည်း ထိထိရောက်ရောက် ဖြစ်သည့် ချမ်းသာသုခများကို ဆောင်ကြဉ်းပေးလာကြောင်း ပြောကြားခဲ့သည်။