တရုတ်-အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း အဖွဲ့ ပထမအကြိမ် အဆင့်မြင့် အရာရှိများ အစည်းအဝေး ပြုလုပ်

(GMT+08:00)2024-08-02 13:31:18  

ဇူလိုင်လ ၃၁ ရက်က တရုတ်-အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း အဖွဲ့ ပထမအကြိမ် အဆင့်မြင့် အရာရှိများ အစည်းအဝေးကို အမေရိကန်၌ ကျင်းပခဲ့ရာ တရုတ်နှင့်အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ဌာနစုံ ပူးတွဲ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးအတွင်း နှစ်ဖက်တို့သည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး၊ အမှု ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာ ကူးလူးဖလှယ်ရေး၊ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်း ကြော်ငြာ သတင်းအချက်အလက် ရှင်းလင်းရေး စသည့် နယ်ပယ်များနှင့်ပတ်သက်ပြီး အမြင်သဘောထားနှင့် အကြံပြုချက်များ ဖလှယ်ကြပြီး ပူးပေါင်းဆောင်ရွက်ရေး ဦးတည်ချက်များကို ချမှတ်ခဲ့ကြသည်။ နှစ်ဖက်တို့သည် “အပြန်အလှန် လေးစားမှု၊ သဘောကွဲလွဲမှုများကို ထိန်းချုပ်ရေးနှင့် အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှု” ကို အခြေခံပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နယ်ပယ်တွင် ဆွေးနွေးမှုနှင့် ကူးလူးဖလှယ်မှုကို တစ်ဆင့်တိုးမြှင့်ရန် တရုတ်-အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းစွာ ဆောင်ရွက်ရေးကို လက်တွဲ တွန်းအားပေးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးပြဿနာကို အတူတကွ ကိုင်တွယ်ဖြေရှင်းရန် သဘောတူညီမှု ရရှိခဲ့သည်။