
သြဂုတ်လ ၁ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဟားမတ်စ်အဖွဲ့ ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်မှုခံရခြင်းနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က တရုတ်နိုင်ငံသည် လုပ်ကြံသတ်ဖြတ်မှုကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကာ ယင်းဖြစ်ရပ်ကြောင့် ဒေသတွင်း အခြေအနေ မတည်ငြိမ်မှုကို တစ်ဆင့်တိုး ဖြစ်ပေါ်လာစေနိုင်ခြေအပေါ် စိုးရိမ်မိကြောင်း၊ ဂါဇာဒေသတွင် ဘက်စုံရှေရှည်သော အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ပြီး ပဋိပက္ခများ ပိုမို ဆိုးရွားလာခြင်းကို ရှောင်ရှားရကြောင်း၊ ပါလက်စတိုင်းဘက်အသီးသီးတို့က ဘေကျင်းကြေညာစာတမ်း ရရှိနိုင်ရန် အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို တန်ဖိုးထား ချီးကျူးကြောင်း၊ ပါလက်စတိုင်း ဘက်အသီးသီးတို့က အတွင်းပိုင်း ပြေလည်ရေး ဖော်ဆောင်သည့်အခြေခံပေါ်တွင် ပါလက်စတိုင်း နိုင်ငံ စောစီးစွာ တည်ထောင်နိုင်ရန် စိတ်ရင်းမှန်ဖြင့် မျှော်လင့်ပြီး ယင်းအတွက် တရုတ်ပြည်က ဘက်အသီးသီးတို့နှင့် အတူ ဆက်လက် ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။








