တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏အထူးသံတမန်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ ဝမ်ကွမ်ချန်းသည် မော်ရီတေးနီးယား သမ္မတ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်

(GMT+08:00)2024-08-02 13:28:43  

သြဂုတ်လ ၁ ရက်နေ့တွင် မော်ရီတေးနီးယား အစ္စလာမ် သမ္မတနိုင်ငံ သမ္မတ Ghazouani၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏အထူးသံတမန်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ ဝမ်ကွမ်ချန်းသည် မော်ရီတေးနီးယားနိုင်ငံ နွာ့ခရှော့မြို့တော်၌ ကျင်းပသော သမ္မတ Ghazouani၏  ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊  ကျမ်းသစ္စာ ကျိန်ဆိုပွဲအတောအတွင်း Ghazouani သည် ဝမ်ကွမ်ချန်းနှင့်တွေ့ဆုံခဲ့သည်။

ဝမ်ကွမ်ချန်းက တရုတ်- မော်ရီတေးနီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်နိုင်ငံ အနေနှင့် အလွန်အလေးထားကြောင်း၊ တရုတ်နိုင်ငံသည်မော်ရီတေးနီးယားနှင့် လက်တွဲကြိုးစားပြီး နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း မြှင့်တင်ရန်၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်ကာ ပိုမိုကောင်းမွန်သော နှစ်နိုင်ငံအလားအလာများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Ghazouaniက မော်ရီတေးနီးယားသည် မော်ရီတေးနီးယား-တရုတ်ချစ်ကြည်ရေးအစဉ်အလာကို မြတ်နိုးပြီး တရုတ်နိုင်ငံနှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုနှင့်ကူးလူးဖလှယ်မှုများကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။