လက်ရှိအချိန်အထိ အာရှအခြေခံအဆောက်အအုံများရင်းနှီးမြှုပ်နှံရေးဘဏ်AIIBသည် ကမ္ဘာတစ်ဝန်း၌ ပရောဂျက် ၃၀၀နီးပါးကို အတည်ပြုခဲ့ပြီဖြစ်ပြီး ရင်းနှီးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၅၃.၇ဘီလီယံကို အတည်ပြုခဲ့ကာ အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတွင် ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၇၀ကျော်ကို လှုံ့ဆော်ခဲ့၍ အာရှဒေသတွင်းနှင့် အပြင် အဖွဲ့ဝင် ၃၇ခုကို အကျိုးရှိစေခဲ့ကြောင်း AIIBဘဏ်မှ သတင်းအရ သိရပါသည်။
AIIBဘဏ်မှ အတည်ပြုခဲ့သော ပရောဂျက် ၃၀၀နီးပါးအနက် တရုတ်ပြည်၌ ပရောဂျက် ၂၀ရှိပြီး ဒေသတွင်း အပြန်အလှန်ဆက်သွယ်ရေးကို တွန်းအားပေး၍ ဒေသခံ ပြည်သူများအတွက်လည်း အခွင့်အလမ်းများစွာဆောင်ကြဉ်းလာခဲ့ပါသည်။