ဟားမတ်စ်အဖွဲ့ခေါင်းဆောင် ဟာနီယေးသည် ဇူလိုင်လ ၃၁ ရက်နေ့ နံနက်တွင် အီရန်နိုင်ငံ တီဟီရန် မြို့တော်၌ လုပ်ကြံသတ်ဖြတ်မှုခံရပြီး သေဆုံးခဲ့ကြောင်း အီရန် အစ္စလာမ္မစ် တော်လှန်ရေး တပ်ဖွဲ့က အတည်ပြုဖော်ပြခဲ့ပါသည်။
ဇူလိုင်လ ၃၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အရှေ့အလယ်ပိုင်းဒေသ အခြေအနေ နှင့်ပတ်သက်၍ အရေးပေါ် တံခါးဖွင့် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ အီရန် အမြဲတမ်း ကိုယ်စားလှယ် အီလာဝါနီက အစ္စရေး၏ လုပ်ရပ်ကို အကြမ်းဖက်ဝါဒအဖြစ် ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်၏ ခွင့်ပြုချက်နှင့် ထောက်လှန်းရေးအကူအညီမပါပါက ဟာနီယေးအပေါ် လုပ်ကြံသတ်ဖြတ်မှု မဖြစ်မြောက်နိုင်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပါသည်။
ဇူလိုင်လ ၃၁ ရက်နေ့က ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့မှ အရာရှိတစ်ဦးက အင်တာဗျူးကို လက်ခံရာတွင် ယီမင်၊ လက်ဘနွန်၊ အီရန်နှင့် အခြားနေရာများတွင် အစ္စရေးက တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် အစ္စရေးသည် ကြီးမားသော လက်စားချေခြင်းကို ခံရမည်ဟု ပြောကြားခဲ့ပါသည်။