တရုတ်နိုင်ငံသည် ပတ်လမ်းမြင့် အင်တာနက် ဂြိုဟ်တုကို လွှတ်တင်

(GMT+08:00)2024-08-02 13:30:34  

ဘေကျင်း စံတော်ချိန် ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီ ၁၄ မိနစ်က တရုတ် ရှီချန်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာ၌ Long March-5B သယ်ဆောင်ဒုံးပျံဖြင့် ပတ်လမ်းမြင့် အင်တာနက် ဂြိုဟ်တု -၂ ကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ ယင်းဂြိုဟ်တုသည် သတ်မှတ်ထားသော ပတ်လမ်းသို့ ဝင်ရောက်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

ယခုအကြိမ် ဂြိုဟ်တု လွှတ်တင်ခြင်းသည် Long March စီးရီး သယ်ဆောင်ဒုံးပျံများ၏ ၅၂၉ ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်သည်။