မကြာမီက China Media Groupမှ ဦးစီးကျင်းပသော “ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ” နိုင်ငံတကာ ဆွေးနွေးပွဲများ၏ လက်တင်အမေရိက နိုင်ငံရေးအရာရှိများ သီးသန့် ဆွေးနွေးပွဲ၊ တရုတ်-လက်တင်အမေရိကတတ်သိပညာရှင်များ သီးသန့် ဆွေးနွေးပွဲ၊ ဘရာဇီး သီးသန့် ဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း၊ ဆွေးနွေး ပွဲများတွင် လက်တင်အမေရိက နိုင်ငံရေးအရာရှိများ၊ တတ်သိပညာရှင်များ၊ မီဒီယာသတင်းထောက်များစသည့် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည် တရုတ်နိုင်ငံ၏ပြု ပြင်ပြောင်းလဲမှုဇောက်ချပြုလုပ်ခြင်းအား ဘက်စုံနက်ရှိုင်းစေသည့်အပေါ် သုံးသပ်ချက်များ မျှဝေ ပြီး အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးမှ ကမ္ဘာအတွက်အကျိုးသက်ရောက်မှုများ၊ တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ စသည့် အကြောင်းအရာများကို နက်ရှိုင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
“ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ” ဆွေးနွေးပွဲများ၏ လက်တင်အမေရိက သီးသန့် ဆွေးနွေးပွဲကျင်းပ
(GMT+08:00)2024-08-01 15:54:31