ဟားမတ်စ်ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရမှုတွင် အမေရိကန်က မပါဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဆို

(GMT+08:00)2024-08-01 15:50:36  

ဒေသစံတော်ချိန် ဇူလိုင်လ ၃၁ ရက်နေ့က အိန္ဒိယ-ပစိဖိတ်ဒေသ နိုင်ငံပေါင်းစုံသို့ အလည်အပတ်သွားရောက်နေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က ဟားမတ်စ်အဖွဲ့ ထိပ်တန်းခေါင်းဆောင် အစ္စမေးလ် ဟာနီယေး လုပ်ကြံသတ်ဖြတ်ခံရမှုတွင် အမေရိကန်နိုင်ငံသည် ပါဝင်ပတ်သက်မှုမရှိကြောင်း ပြောကြားခဲ့ပါသည်။

Blinken က အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွှတ်ပေးရေး သဘောတူညီချက်များကို ထောက်ခံကြောင်း ထပ်လောင်း ပြောကြား ခဲ့ပြီး၊ ဟာနီယေး၏သေဆုံးမှုသည် အထက်ပါ သဘောတူညီချက်များ ရှုပ်ထွေးစေနိုင်ခြေအား ခန့်မှန်းရန် ခက်ခဲကြောင်းလည်း ပြောကြားခဲ့ပါသည်။