ဒေသစံတော်ချိန် ဇူလိုင်လ ၃၁ရက်နေ့က အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဟားမတ်စ်အဖွဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဟာနီယေး တိုက်ခိုက်မှုခံရခြင်းနှင့်ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာချက်တွင် ဟာနီယေးသည် ဧည့်သည်တော်အနေဖြင့် အီရန်နိုင်ငံ၌ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရာတွင် အစ္စရေး၏ အကြမ်းဖက်တိုက်ခိုက်မှုခံရပြီး သေဆုံးသွားကြောင်း၊ ဟာနီယေး လုပ်ကြံသတ်ဖြတ်မှုခံရခြင်းသည် အစ္စရေးမှ အကြမ်းဖက်ဝါဒ နှင့် ကျူးကျော်ထိပါးမှု သက်သေ နောက်တစ်ခု ဖြစ်ကြောင်း၊ ယင်းအကြမ်းဖက်လုပ်ရပ်သည် နိုင်ငံတကာဥပဒေ နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကို အတိအလင်းချိုးဖေါက်သည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပြင်းထန်ဆိုးဝါးစွာခြိမ်းခြောက်ကြောင်း ဖော်ပြထားသည်။
ဟာနီယေး တိုက်ခိုက်မှုခံရခြင်းနှင့်ပတ်သက်၍ အစ္စရေး၏ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုကို ပြစ်တင်ရှုတ်ချသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်
(GMT+08:00)2024-08-01 15:52:28