ဇူလိုင်လ ၃၁ရက်နေ့ ညနေပိုင်းတွင် အီရန်၊ တရုတ်၊ အယ်လ်ဂျီးရီးယားနှင့် ရုရှားတို့၏ တောင်းဆိုချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဟားမတ်စ်ခေါင်းဆောင် Haniyeh လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် Fu Cong က Haniyeh လုပ်ကြံသတ်ဖြတ်ခံရမှုကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချကြောင်း၊ ယင်းသည် ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွက် ပြောင်ပြောင်တင်းတင်း ဖျက်ဆီးမှုဖြစ်ကြောင်း၊ အဆိုပါ ဖြစ်ရပ်ကြောင့် ဒေသတွင်း မတည်ငြိမ်မှုများ ပိုမိုပြင်းထန်လာနိုင်ခြေအပေါ် တရုတ်နိုင်ငံက လေးလေးနက်နက် စိုးရိမ်နေကြောင်း ပြောကြားခဲ့ပါသည်။
Haniyeh လုပ်ကြံသတ်ဖြတ်ခံရမှုကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ
(GMT+08:00)2024-08-01 15:51:28