မကြာသေးမီက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် မွေးရပ်မြေ Ningboမြို့မှ Bao Peiqing၊ Cao Qiyong စသည့် ဟောင်ကောင် လုပ်ငန်းရှင်များအား စာပြန်ပို့ပြီး ၎င်းတို့အား ခင်မင်ရင်းနှီးစွာ အားပေးခဲ့ပါသည်။
ရှီကျင့်ဖိန်က နှစ်ပေါင်းများစွာအတွင်း ခင်ဗျားတို့သည် ဘိုးဘေးဘီဘင်များထံမှ မျိုးချစ်စိတ်နှင့် မွေးရပ်မြေကို ချစ်မြတ်နိုးသည့် အစဉ်အလာကောင်းကို ဆက်ခံပြီး စီးပွားရေးလုပ်ငန်းများကို တက်ကြွစွာ တီထွင်ဆန်းသစ်ပြီး ပညာရေးအတွက် လှူဒါန်းပေးခဲ့ကြကာ မွေးရပ်မြေ၏တည်ဆောက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်ပေးခဲ့ကြောင်း၊ လက်တွေ့ကျသောဆောင်ရွက်မှုများဖြင့် မျိုးချစ်စိတ်နှင့် မွေးရပ်မြေချစ်ခင်မှုကိုဖော်ဆောင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြင့် အင်အားတောင့်တင်းသောနိုင်ငံ တည်ဆောက်ရေးနှင့် မွန်မြတ်သော အမျိုးသား ရှင်သန်ရေးလုပ်ငန်းကို တွန်းအားပေးရာတွင် တရုတ်အမျိုးသား တစ်ရပ်လုံး တစ်ညီတစ်ညွတ်တည်း အတူတကွ ကြိုးပမ်းဆောင်ရွက်မှုများကို လိုအပ်ကြောင်း၊ ခင်ဗျားတို့သည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးတွင် တက်ကြွစွာ ပါဝင်ပြီး တရုတ်အသွင်ပုံစံခေတ်မီရေးတည်ဆောက်မှုအတွက် တွန်းအားများကို ပံ့ပိုးပေးကာ မွန်မြတ်သော တရုတ်အမျိုးသား ရှင်သန်ရေး အိပ်မက် ဖော်ဆောင်ရန် အတွက် အကျိုးပြုစွမ်းဆောင်မှုအသစ်များ ဆောင်ကျဉ်းပေးနိုင်ရန်မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။