ရှီကျင့်ဖိန်သည် "အင်အား တောင့်တင်း တပ်ခွဲနီ" မှ စစ်မှုထမ်းအားလုံးအား စာပြန်ပို့

(GMT+08:00)2024-08-01 15:48:39  

 မကြာမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် "အင်အား တောင့်တင်း တပ်ခွဲနီ" မှ စစ်မှုထမ်းအားလုံးအား စာပြန်ပို့ပြီး ၎င်းတို့အား ခင်မင်ရင်းနှီးစွာ အားပေးကာ သြဂုတ်လ ၁ ရက် တပ်မတော်နေ့အတွက် နှုတ်ခွန်း ဆက်ခဲ့ပါသည်။

  ရှီကျင့်ဖိန်၏ စာထဲတွင် ၂၀၁၄ ခုနှစ်က မိမိသည် အထူးတလည် တပ်ခွဲနီ သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တပ်ခွဲနီ မှ စစ်မှုထမ်းများသည် တော်လှန်ရေး အစဉ်အလာကို ဆက်ခံပြီး တပ်မတော် အင်အား တောင့်တင်းအောင် ဆောင်ရွက်ရန်ဆန္ဒရှိကာ ဖွံ့ဖြိုးတိုးတက်မှု အသွင်ပုံစံ ကူးပြောင်းခြင်းကို ချောမောစွာ ဖော်ဆောင်ကာ အောင်မြင်မှုသစ်များ ရရှိခဲ့ကြောင်း၊ ယင်းအတွက် မိမိ အလွန် ဝမ်းသာပါကြောင်း၊ စွမ်းရည်မြင့် အားကောင်းပြီး အောင်ပွဲရအောင် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နိုင်သည့် တပ်ခွဲနီ အဖြစ် ကြိုးပမ်းတည်ဆောက်ရန်၊ ခေတ်သစ် ခရီးစဉ်သစ်တွင် အောင်မြင်မှုများ ဆက်လက် ရရှိပြီး အကျိုးပြုစွမ်းဆောင်မှုသစ်များ ဆက်လက် ရရှိရန် မျှော်လင့်ကြောင်း ရေးသားဖော်ပြထားပါသည်။

မကြာမီက "အင်အား တောင့်တင်း တပ်ခွဲနီ" သည် သမ္မတ ရှီကျင့်ဖိန်အား စာရေးပြီး တပ်နီ၏ တည်ဆောက်ရေးနှင့် လုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို အစီရင်ခံ ဖော်ပြကာ မယ်ရှယ်၏ အမှာစကားကို စွဲစွဲမြဲမြဲ မှတ်သားထားပြီး တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် ခိုင်ခံ့သော ယုံကြည်စိတ်နှင့် သန္နိဋ္ဌာန်ကို ဖော်ပြခဲ့ပါသည်။