သိုး၊ဆိတ် ကပ်ရောဂါကြောင့် ဂရိနိုင်ငံ၌ တိရစ္ဆာန် ၁၄၀၀၀ ခန့်ကို သုတ်သင်

(GMT+08:00)2024-08-01 15:49:09  

ဒေသစံတော်ချိန် ဇူလိုင်လ ၃၁ ရက်က ဂရိနိုင်ငံ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု နှင့်စားနပ်ရိက္ခာ ဝန်ကြီး ချီယာလာသည် ဂရိနိုင်ငံတွင် သိုး၊ဆိတ် ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းရန်အတွက် တိရစ္ဆာန် ၁၄၀၀၀ ခန့်ကို သုတ်သင်နေပြီဖြစ်ကြောင်း ပြောကြားသည်။

ဇူလိုင်လ ၃၀ ရက်နေ့အထိ ဂရိနိုင်ငံတွင် သိုး၊ဆိတ် ကပ်ရောဂါ ၂၂ ခု ဖြစ်ပွားပြီး ယင်းရောဂါသည် ပြင်းထန်သော ဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါဖြစ်ပြီး ဆိတ်၊ သိုးနှင့် အခြား အသေးစား စားမြုံ့ပြန်သော တိရစ္ဆာန်များကို အဓိကအားဖြင့် ကူးစက်ကာ ကူးစက်ခံရသော တိရစ္ဆာန်များ၏ ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ သေဆုံးသွားကြောင်း သတင်းအရ သိရပါသည်။