တရုတ်-ဟွန်ဒူးရပ်စ် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် ဆိုင်ရာ ဆဋ္ဌမအကြိမ် စေ့စပ်ဆွေးနွေးပွဲကို ဘေကျင်း၌ ကျင်းပ

(GMT+08:00)2024-08-01 15:49:50  

ဇူလိုင်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ တရုတ်-ဟွန်ဒူးရပ်စ် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် ဆိုင်ရာ ဆဋ္ဌမအကြိမ် စေ့စပ်ဆွေးနွေးပွဲကို ဘေကျင်း၌ ကျင်းပခဲ့ရာ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး စေ့စပ်ဆွေးနွေးမှု ကိုယ်စားလှယ် Wang Shouwen တက်ရောက်ခဲ့သည်။ တရုတ်-ဟွန်ဒူးရပ်စ် တို့သည် ကုန်စည် ကူးသန်းရောင်းဝယ်မှု၊ ဝန်ဆောင်မှု ကူးသန်းရောင်းဝယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စည်းမျဉ်းစည်းကမ်းများ စသည့် နယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိခဲ့သည်။

၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်နေ့က တရုတ်နှင့် ဟွန်ဒူးရပ်စ် နှစ်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေးကို တည်ထောင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် တရုတ်-ဟွန်ဒူးရပ်စ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် ဆိုင်ရာ စေ့စပ်ဆွေးနွေးမှုကို စတင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် "တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနှင့် ဟွန်ဒူးရပ်စ်သမ္မတနိုင်ငံ အစိုးရတို့ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် ဆိုင်ရာ အစောပိုင်း အောင်ကျိုးရလဒ်များ စီမံခန့်ခွဲမှု" ကို  လက်မှတ်ရေးထိုးခဲ့ကြသည်။