ဒေသစံတော်ချိန် ဇူလိုင်လ ၃၁ ရက်နေ့က China Media Groupမှ ဦးစီးကျင်းပသည့် “ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ” နိုင်ငံတကာ ဆွေးနွေးပွဲများ၏ ထိုင်းနိုင်ငံ သီးသန့်ဆွေးနွေးပွဲကို ဘန်ကောက်မြို့၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Han zhiqiangနှင့် ထိုင်းနိုင်ငံမှ ထိုင်း-တရုတ် Belt and Road သုတေသနစင်တာ ဥက္ကဋ္ဌ Wirun Phichaiwongphakdee တို့ တက်ရောက် ခဲ့ကြပါသည်။ ထိုင်းနိုင်ငံ တတ်သိပညာရှင်အဖွဲ့မှ ပညာရှင်များ၊ မီဒီယာကိုယ်စားလှယ်များ နှင့် ထိုင်းတက္ကသိုလ်ကျောင်းများမှ ဆရာဆရာမ၊ ကျောင်းသူ ကျောင်းသား ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း လူ ၅၀၀ ကျော် ပါဝင်ခဲ့ကြ သည်ဟု သတင်းအရသိရ ပါသည်။