အီရန်သမ္မတ Pezeshkian သည် ဇူလိုင်လ ၃၀ ရက်နေ့ညနေပိုင်းတွင် အီရန်နိုင်ငံလွှတ်တော်၌ တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
၎င်း၏ ကျမ်းသစ္စာကျိန်ဆိုမှုတွင် Pezeshkian က အစိုးရသစ်သည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး စီးပွားရေးအင်အားကို အားကောင်းစေ ကာ အီရန်ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် နိုင်ငံတကာ စင်မြင့်တွင် အီရန်၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံတွင်းရှိ နိုင်ငံရေး အင်အားစုများအားလုံးကြား သဘောတူညီမှုရရှိစေရန် ကြိုးပမ်း ဆောင်ရွက် မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။