ဇူလိုင်လ ၃၀ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဗင်နီဇွဲလား ဘိုလီဗာရီယန် သမ္မတ နိုင်ငံ (Bolivarian Republic of Venezuela)သမ္မတအဖြစ် ပြန်လည်အရွေးခံရသည့် Nicolás Maduro Moros ထံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
၄င်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ဗင်နီဇွဲလားတို့သည် အပြန်အလှန် ယုံကြည်ကြသော မိတ်ဆွေကောင်းနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ကြသော မိတ်ဖက်ကောင်း ဖြစ်ကြကြောင်း၊ တရုတ် နိုင်ငံသည် နိုင်ငံတော် အချုပ်အခြာ အာဏာ၊ အမျိုးသား ဂုဏ်သိက္ခာနှင့် လူမှုရေး တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန် အတွက် ဗင်နီဇွဲလား နိုင်ငံ၏ ကြိုးပမ်းမှုများကို တစ်လျှောက်လုံး ခိုင်မာပြတ်သားစွာ အားပေးထောက်ခံမည် ဖြစ်ကြောင်း၊ မိမိသည် တရုတ်-ဗင်နီဇွဲလား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အပေါ် လွန်စွာ အလေးထားပြီး သမ္မတ Maduroနှင့် အတူ တရုတ်-ဗင်နီဇွဲလား စဉ်ဆက်မပြတ် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို အဆင့်သစ်သို့ ရောက်ရှိနိုင်အောင် ဆက်လက် ဦးဆောင်ပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် လက်တွဲ ကြိုးပမ်းဆောင်ရွက် လိုကြောင်း ရေးသားဖော်ပြထားပါသည်။