ဒေသစံတော်ချိန် ဇူလိုင်လ ၃၀ရက်နေ့က China Media Group၊ အီဂျစ်ခရီးသွားနှင့် ရှေးဟောင်းပစ္စည်းများဝန်ကြီးဌာန နှင့် အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတို့မှ ဦးစီးကျင်းပ သော “ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချ ပြုလုပ် ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ” ဆွေးနွေးပွဲ၊ တရုတ်- အီဂျစ် မိတ်ဖက် နှစ် နိုင်ငံ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ကိုင်ရို မြို့၌ အောင်မြင်စွာကျင်းပခဲ့ပါသည်။ တရုတ်နှင့်အီဂျစ်နှစ်နိုင်ငံ ကိုယ်စားလှယ် များ သည် ခေတ်သစ် တွင် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီး အား ဆောင်ကြဉ်းပေးသည် အခွင့်အလမ်းများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ ကူးလူး ဖလှယ် ခဲ့ကြပါ သည်။ China Media Group၏ “လူသား ယဉ်ကျေးမှု၏ အသွင် ပုံစံ သစ်---- တရုတ်အသွင်ပုံစံ၏ ခေတ်မီရေး” (အာရပ်ဘာသာဖြင့် တည်းဖြတ်ရေး ဗားရှင်း)ကို အီဂျစ် နိုင်ငံ၌ စတင်ထုတ်လွှင့်ပြီး ဇာတ်ကားများ၊ မီဒီယာများ နှင့် ယဉ်ကျေးမှု စသော နယ်ပယ် များ ဆိုင်ရာ လုပ်ငန်းများကို ထိုနေ့တွင်ပင် စတင် လည်ပတ်ခဲ့ ပါသည်။