ဇူလိုင်လ ၃၁ ရက်တွင် ဂျပန်နိုင်ငံ ငါးလုပ်ငန်းဌာနက စီးပွားဖြစ် ဝေလငါးဖမ်းခြင်းနယ်ပယ်တွင် ဆူးတောင်ဝေလငါး(Fin whale)များကို ထည့်သွင်းရန် တရားဝင်ဆုံးဖြတ်ခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် စီစဉ်ထားသော ဖမ်းမိမှုအရ အဆိုပါ ဝေလငါး ၅၉ ကောင်ကို ဖမ်းမည်ဖြစ်ပြီး အနာဂတ်တွင် ဂျပန်ရေပိုင်နက်၌ စတင်ဖမ်းမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဝေလငါးများသည် အဏ္ဏဝါစားနပ်ရိက္ခာကွင်းဆက်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအနေဖြင့် အဏ္ဏဝါဂေဟစနစ်တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် အလွန်အရေးကြီးပါသည်။ ဂျပန်နိုင်ငံ၏ ဝေလငါးဖမ်းခြင်းအပြုအမူနှင့် ဝေလငါးဖမ်းခြင်းဓလေ့ကို နိုင်ငံတကာအသိုင်းအဝိုင်းက အချိန်ကြာမြင့်စွာ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ပါသည်။