ဇူလိုင်လ ၃၁ ရက်နေ့က အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် Wayanad ဒေသတွင် ကြီးမားသော မြေပြိုမှုဖြစ်ပွားခဲ့သောကြောင့် လူပေါင်း ၁၅၁ ဦး သေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ် ကြောင်း သိရပါသည်။
ဇူလိုင်လ ၃၀ ရက်နေ့ မနက်စောစောပိုင်းအချိန်က အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် Wayanad ဒေသတွင် ကြီးမားသော မြေပြိုမှုဖြစ်ပွားခဲ့သည်။ မြေပြိုမှုဖြစ်ပွားသည့် နေရာသည် ဝေးလံခေါင်သီပြီး တောင်ထူထပ်သောဒေသဖြစ်သောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွင် အစိုးရသည် ရဟတ် ယာဉ်များနှင့် စစ်သားများကိုစေလွှတ်ခဲ့သည်။ လာမည့် ၂၄ နာရီအတွင်း နေရာအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကြီးမားသော အခက်အခဲများ ရှိလာနိုင်ကြောင်း ဒေသခံ မိုးလေဝသဌာနက ခန့်မှန်းကြောင်း သတင်းအရ သိရှိရ သည်။