ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ အနာဂတ် သိပ္ပံပညာ အင်အား ပြပွဲ ကို ထိုင်းနိုင်ငံ မိဘုရား Sirikit အမျိုးသား အစည်းအဝေး စင်တာ၌ ကျင်းပခဲ့သည်။ ယင်းပြပွဲတွင် ထိုင်း အမျိုးသား နက္ခတ္တဗေဒ သုတေသနဌာနသည် တရုတ်နိုင်ငံမှ Chang'e -၅ လကမ္ဘာ မြေဆီလွှာ နမူနာအတွက် အထူးပြစင်တစ်ခု စီစဉ်ပေးခဲ့ပြီး ထိုင်း ပြည်သူ အများအပြား လာရောက်ကြည့်ရှုရန် ဆွဲဆောင်ခဲ့သည်။
ယခုအကြိမ်ပြသထားသည့် လကမ္ဘာ မြေဆီလွှာ နမူနာတွင် အပြင်ဘက်ခွံနှင့် မြေဆီလွှာ အပိုင်း နှစ်ပိုင်း ပါဝင်ပြီး အကျယ် ၁၇ စင်တီမီတာ၊ အမြင့် ၂၂.၈၉ စင်တီမီတာရှိသည်။